အွန်လိုင်းမှာ ချိန်းတွေ့ခြင်းကို ဘယ်လိုအောင်အောင်မြင်မြင်လုပ်ဆောင်ကြမလဲ

အွန်လိုင်းကနေ ချိန်းတွေ့ကြခြင်းဖြင့် သင့်ဘဝအတွက် ဖူးစာဖက်ကို ရှာတွေ့ဖို့ အခွင့်အလမ်းတွေ အများကြီးရှိနေပါတယ်။ အချက်အလက်တွေ အများကြီးထဲက ရှာရဖွေရတာကတော့ စိတ်ထဲ နည်းနည်းတော့ လန့်စရာကောင်းမှာပေါ့။ ပြီးတော့ကိုယ့်အကြောင်းရေးထားတဲ့ ကိုယ့်ရဲ့profileကလဲ လူတွေကြားထဲ ထင်းနေဖို့တော့ နည်းနည်းလိုတာပေါ့။

Online dating လို့ခေါ်တဲ့ အင်တာနက်မှာ ချိန်းတွေ့ခြင်းမှာ အဆင်ပြေချောမွေ့ချင်တယ်ဆိုရင် စိတ်ရှည်ဖို့တော့ လိုပါတယ်။ ပြီးတော့ အများသူငါ လုပ်တတ်တဲ့ အမှားလေးတွေကို မလုပ်မိအောင်လဲ လေ့လာထားသင့်တာပေါ့။ အစပိုင်းမှာ နည်းနည်းအားထုတ်ပြီး သုံးလေးခါလောက်တော့ ကြိုးစားရမယ်ဆိုပေမယ့် သင့်ဘဝကို ပြောင်းလဲသွားစေမယ့် ရေရှည်တည့်တံ့တဲ့ လက်တွဲဖော်ကို တွေ့သွားဖို့ မျှော်လင့်ချက်ရှိနေပါတယ်။ အခု Online dating မှာ အဆင်ပြေအောင် ဘယ်လိုလုပ်ရမလဲဆိုတာ ပြောပြသွားမှာပါ။

-ကိုယ်ရေးအချက်အလက်တွေဖြည့်ရာမှာ ရှောင်ရှားသင့်တဲ့ အဖြစ်များတဲ့ အမှားလေးတွေ

ချိန်းတွေ့ဖို့အတွက် တင်ထားတဲ့ အချက်အလက်တွေက အလုပ်လျှောက်ရင် တင်ရတဲ့ အချက်အလက်တွေလောက် အလုပ်သဘောမဆန်ဘူးဆိုပေမယ့် အနည်းဆုံးတော့ အခြေခံလေးတွေအတိုင်းလုပ်တာ ပိုကောင်းပါတယ်။ ပထမဆုံးအနေနဲ့  စာလုံးပေါင်း သတ်ပုံ သဒ္ဒါလေးတွေ မှန်အောင် ဂရုစိုက်သင့်ပါတယ်။ ဗန်းစကားတွေ အတိုကောက်တွေသုံးရေးရင် ကိုယ့်အကြောင်း profileကြီးက ရှုပ်ရှုပ်ရှက်ရှက်နဲ့ ကလေးဆန်သွားလိမ့်မယ်။ အဲ့လိုဆိုလိုက်လို့လဲ ဇွတ်အတင်းပြောင်းပြန်မလုပ်လိုက်ပါနဲ့။ ကြီးကြီးကျယ်ကျယ်တွေ တအားရေးထားရင်လဲ ဘဝင်ကြီးလို့ ထင်သွားနိုင်ပါတယ်။ ကိုယ်ရေးထားတာကို အမြဲတမ်း သေချာပြန်စစ်ပါ ဒါမှမဟုတ်လည်း သူငယ်ချင်းကို အကူအညီတောင်းပြီး စစ်ခိုင်းပေါ့။

ကိုယ်ပြောမယ့် စကားတစ်လုံးချင်းစီကို သေချာဂရုတစိုက်ရွေးချယ်ဖို့ကလဲ အရေးကြီးပါတယ်။ ကိုယ်အကြောင်းပြောတဲ့အခါမှာလဲ တော်တယ် ကောင်းတယ်စတဲ့ ဂုဏ်ပုဒ်တွေချည်း ဇွတ်ထည့်ရေးတာက အဆင်ပြေတယ် ထင်ရပေမယ့် သင်က စွန့်စားတတ်တယ်ဆိုပြီး လူတိုင်းကို လိုက်ပြောနေရုံနဲ့တော့ လူတွေက သင့်ကို သဘောကျပြီး ချိန်းတွေ့ချင်လာမှာ မဟုတ်ပါဘူး။ အဲ့လို ရေးမယ့်အစား မင်းက တောင်တက်တာကို ဒါမှမဟုတ် လှေလှော်ရတာကို ဘယ်လောက်ထိ သဘောကျတယ် စသဖြင့် ရေးသင့်ပါတယ်။ သာမန်အများသူငါတွေရဲ့ သမားရိုးကျ အချက်အလက်တွေနဲ့ မတူတဲ့ ပုံစံနဲ့ ဖတ်ရှုသူတွေ စိတ်ဝင်စားသွားမယ့် profile မျိူးဖြစ်သင့်ပါတယ်။ သေချာချက်ကျလက်ကျရေးထားတဲ့ profile တစ်ခုက သာမန်အချက်အလက်တွေကို စာရင်းလိုရေးထားတာထက် စိတ်ထဲမှာ ပိုပြီးစွဲထင်နေမှာပါ။

နောက်ဆုံးအနေနဲ့ အကောင်းမြင်စိတ်ကလည်း သင့်profileကို အများကြီး ပြောင်းလဲသွားစေနိုင်ပါတယ်။ ကိုယ်မတွေ့ဆုံချင်တဲ့ လူတွေအကြောင်းကို အဓိကထားရေးမယ့်အစား ကိုယ်တွေ့ဆုံချင်တဲ့ လူအမျိုးအစားကို အဓိကထားသင့်ပါတယ်။ အကောင်းမြင်စိတ်နဲ့ ကောင်းမွန်တဲ့ စိတ်ဓာတ်ကို ပြသတာဟာ ကိုယ်နဲ့ ချိန်းတွေ့မယ့်လူကို ကိုယ်ဟာ ကောင်းမွန်တဲ့ လူသားတစ်ယောက်ဖြစ်ကြောင်းပြသဖို့ အခွင့်အရေးပါပဲ။ ကိုယ်မကြိုက်တဲ့ အကျင့်တွေကို ခါးခါးသီးသီးကြီး ရေးထားမယ်ဆိုရင် ကိုယ့်အကြောင်းကို ကြည့်မိတဲ့လူက  ကိုယ်ကြိုက်လောက်တဲ့ အရည်အချင်း သူ့မှာ မရှိဘူးဆိုပြီး ထင်သွားပါလိမ့်မယ်။

Profile ကို သေချာရွေးပါ

ကိုယ်နဲ့ အွန်လိုင်းကနေ ချိန်းဆိုပြီး တွေ့ဆုံမယ့်လူတွေက ကိုယ်ဟာ ဘယ်လိုလူပါဆိုတာကို profile ပုံကိုကြည့်ပြီး အရင်ဆုံး ဆုံးဖြတ်မိမှာပါ။ တော်တော်များများသော ကိစ္စတွေမှာဆိုရင် သင်ဘယ်လောက်ဆွဲဆောင်မှုရှိလဲဆိုတာပြဖို့ထက် သင်ဘယ်လိုလူမျိုးဆိုတာ တစ်ဖက်လူ ကွင်းကွင်းကွက်ကွက်မြင်သွားဖို့က ပိုအရေးပါပါတယ်။ သဘာဝကျကျ ရိုးရိုးလေး ရိုက်ထားတဲ့ ပုံလေးတစ်ပုံနဲ့တင် ကိုယ်ရဲ့ အကောင်းဆုံးအရာတွေက ဘာတွေလဲဆိုတာကို တစ်ဖက်သားသိအောင်ပြဖို့ပဲ အရေးကြီးတာပါ။

ဥပမာပြောရမယ်ဆိုရင် ပုံအဟောင်းတွေကို filter တွေနဲ့ ပြင်ဆင်ပြီး တင်လိုက်မယ်ဆိုရင် တစ်ဖက်လူက ကိုယ်ဘယ်လိုရုပ်ဆိုတာ မှန်းရခက်သွားမှာပါ။ လူတွေ အများကြီးပါတဲ့ အုပ်စုလိုက်ဓာတ်ပုံတွေ​၊ ၀ါးတားတား selfie ပုံတွေဆိုရင်လည်း အထင်တွေမှားကုန်တတ်ပါတယ်။ အဲ့လိုတွေအစား သဘာဝကျကျ ဘဝကြီးမှာ သာယာပျော်ရွှင်နေတဲ့ ပုံလေးတွေကို ရွေးသင့်ပါတယ်။ ဂီတတူရိယာတစ်ခုခုကို တီးခတ်နေတာမျိုး ဒါမှမဟုတ် ကိုယ့်ခွေးကို လမ်းလျှောက်ထွက်ပေးနေတဲ့ ပုံလေးတွေဆိုရင် တစ်ချက်ကြည့်မိတာနဲ့ ကိုယ့်အကြောင်းတစ်စွန်းတစ်စနဲ့ ကိုယ့်ရဲ့ ဝါသနာကို ပြပြီးသားဖြစ်နေမှာပါ။

ထိုင်စောင့်နေမယ့်အစား ကိုယ်ဘက်က စတင်ကြိုးစားလိုက်ပါ

အွန်လိုင်းမှာ ဖူးစာဖက်ရှာမယ်ဆိုရင် သင့်မှာ ရွေးစရာနှစ်ခု ရှိပါတယ်။ ကိုယ့်နဲ့တွေ့ဆုံမယ့်လူက ကိုယ့်ဆီလာတာ စောင့်မလား ဒါမှမဟုတ် ကိုယ်ဘက် တက်တက်ကြွကြွနဲ့ စရှာဖွေမလား ကိုယ့်ရဲ့ profile အပေါ် ယုံကြည်ချက်အပြည့်အဝရှိတယ်ဆိုရင်တော့ ပထမနည်းက အဆင်ပြေတာပေါ့ ဒါပေမယ့် ကိုယ့်ဘက်ကလည်း ဝီရိယစိုက်ထုတ်မယ်ဆိုရင်တော့ အလားအလာရှိတဲ့ လက်တွဲဖော်ကို အချိန်တိုတိုနဲ့ ရှာတွေ့နိုင်တာပေါ့ ကိုယ်နဲ့ တွေ့ဆုံမယ့် လူတွေကို ရင်ခုန်စွာ ရှာဖွေရတာကလည်း ညနေဖက်တွေမှာ အချိန်ကို ကောင်းကောင်းအသုံးချနည်း တစ်မျိုးပါပဲ အဲ့တော့ ကိုယ့်အခွင့်အလမ်းတွေတိုးပွားလာဖို့အတွက် တခြားလူတွေရဲ့ profile တွေကို အချိန်ရတိုင်း ဝင်ကြည့်လိုက်ပါ

လူအများကြီးကို တစ်ပြိုင်နက်တည်း မချိန်းဆိုပါနဲ့

ရှိသမျှ profile တွေ အကုန်လိုက်ဖတ်ဖို့အထိ အချိန်တွေ ပိုနေတဲ့လူမဟုတ်ရင် ကိုယ်လိုချင်တာကို သေချာသိဖို့ လိုပါတယ်။ ဒါမှ အများကြီး လိုက်ရှာနေစရာမလိုပဲ အောင်မြင်အဆင်ပြေဖို့ ပိုသေချာမှာပါ။ အချိန်သေချာပေးပြီး ကိုယ်စိတ်ဝင်စားတဲ့ profile ကို သေချာဖတ်ပါ။ ပြီးပြီးရော ဖတ်မယ်ဆို ကိုယ်ဖတ်မိတဲ့ profile အကြောင်း သေချာသိမှာ မဟုတ်ပါဘူး။ အဲ့ဒီလူကို တွေ့ဆုံဖို့ ရွေးချယ်လိုက်ပြီဆိုရင်လဲ စကားစမြည်ပြောတဲ့အခါ အူကြောင်ကြောင်ကြီး ဖြစ်နေမှာပါ။ ကိုယ်က အဆင်မပြေဘူးထင်တဲ့ အတွဲဆိုလဲ အဆင်မပြေကြောင်း ပြောဖို့ မကြောက်ပါနဲ့။ တစ်ခါတစ်လေ နှစ်ဖက်လုံးက လိုလားနေလဲ အလုပ်မဖြစ်တာတွေ ရှိတတ်ပါတယ်။ စောစောစီးစီး ရပ်လိုက်ပြီး ကိုယ့်လမ်းကိုယ် လျှောက်တာက ရှေ့ဆက် ဘာမှဖြစ်မလာမယ့် အရာတစ်ခုအတွက် အချိန်ကုန်သက်သာစေမှာပါ။

ဖြစ်နိုင်လောက်တဲ့ အချိန်ပေးပါ

ကိုယ့်ရဲ့ ဖူးစာဖက်ကို ရှာတွေ့ဖို့ဆိုတာ လျှပ်တစ်ပြက်ချက်ချင်း ဖြစ်လာတတ်တဲ့အရာမျိုးမဟုတ်ပါဘူး။ ရေရှည်ခိုင်မြဲမယ့် ဆက်ဆံရေးတစ်ခုကို တည်ဆောက်ဖို့ဆိုရင်  အချိန်တွေ လုပ်အားတွေ ရင်းနှီးရပါတယ်။ ဆက်ဆံရေးတိုင်းဟာ သူနည်းသူ့ဟန် မတူညီကြဘူးဆိုပေမယ့် ကိုယ့်ဘက်က သေချာလက်တွေ့ဆန်တဲ့ အချိန်ကာလတစ်ခုကို စောင့်ဆိုင်းပြီး ပြင်ဆင်ထားဖို့ အရေးကြီးပါတယ်။ အစမှာ ဖြေးဖြေးမှန်မှန်လေးသွားသင့်ပါတယ်။ အကြိမ်ရေ လက်တစ်ဖက်စာတောင် ပြည့်အောင် မတွေ့ဆုံရသေးဘဲနဲ့ လက်ထပ်ဖို့ပြောတာတို့ ပိုင်ဆိုင်မှုတွေ အတူပေါင်းစည်းလိုက်တာတို့က မရင့်ကျက်ရာကျပါတယ်။ ဒါပေမယ့် တစ်ယောက်ယောက်နဲ့ နှစ်ခါသုံးခါတွေ့ဆုံပြီးရင် သူရဲ့ အပေါင်းအသင်းမိတ်ဆွေတွေနဲ့ တွေ့ဆုံကြည့်တာ ဒါမှမဟုတ် အားလပ်ရက်တွေကို သူ့အိမ်မှာနေတာမျိူးတွေကတော့ လုပ်လေ့ရှိကြပါတယ်။

ဆက်သွယ်ရေးကို တည်ဆောက်ပါ

relationship တိုင်းမှာ ဆက်သွယ်ရေးက မရှိမဖြစ်အရေးကြီးပါတယ်။ ကိုယ်က ကိုယ့်လက်တွဲဖော်ကို သိတာ မကြာသေးဘူးဆို ပိုလို့တောင် အရေးကြီးပါသေးတယ်။ တစ်ယောက်ကိုတစ်ယောက် စမ်းစစ်ကြည့်တာက နှစ်ယောက်လုံး ရှေ့ဆက်ဖို့ သဘောတူညီမှုရှိရဲ့လားဆိုတာ ပိုသေချာစေမှာပါ။ အကြောင်းကိစ္စတစ်ခုခုပေါ်လာရင်လည်း နှစ်ဦးသား တိုက်ရိုက်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။ လက်တွေ့ဆန်တာကိုပဲ မျှော်လင့်ထားကြမယ်ဆိုရင် စိတ်ရှုပ်စရာတွေကို ရှောင်ရှားနိုင်ပြီး ကိုယ့်ရဲ့ relationship အသစ်လေးက အဆင်ပြေလား မပြေလားဆိုတာကို အေးအေးဆေးဆေးဆုံးဖြတ်နိုင်မှာပါ။

လူပေါင်းများစွာက အွန်လိုင်းကနေ ဖူးစာဖက်ရှာရင်း ရေရှည်တည့်တံ့ခိုင်မြဲတဲ့ ဆက်ဆံရေးတွေကို ပိုင်ဆိုင်သွားကြပြီဆိုတာ သတိရလိုက်ပါ။ အွန်လိုင်းမှာ အခွင့်အလမ်းတွေအများကြီး တံခါးဖွင့်နေပါပြီ။ စတင်ကြိုးစားကြည့်ဖို့လည်း အင်မတန် လွယ်ကူပါတယ်။

အင်တာနက်မှာ ဖူးစာဖက်ရှာဖို့ စိတ်ဝင်စားပါသလား ဒီနေ့ပဲစတင်ရှာဖွေလိုက်ပါ။

Featured Tip

If you’re looking for the perfect present for any holiday, choose a gift card – 89% of people prefer gift cards to an actual item, according to Blackhawk Network.